ကျောင်းအခြေပြုစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းဌာန၏ အမှတ်တံဆိပ်
နည်းပညာ၊သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်တွင် အဖွဲ့အစည်းအခြေပြု ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်မှုဌာန (IBPD) သည် ကျောင်းအခြေပြု သင်တန်းဌာနတစ်ခု အဖြစ်တည်ရှိပြီး ဆရာ၊မများသည် စွမ်းဆောင်ရည်မြှင့်တင်မှု လှုပ်ရှားမှုများတွင် ပါ၀င်နိုင်သည်။ စွမ်းဆောင်ရည်မြှင့်တင်မှု အရင်းအမြစ်များနှင့် ၀န်ဆောင်မှုများကိုရယူနိုင်ပြီး၊ ၎င်း တို့၏သင်ကြားမှုထိရောက်မှုကို မြှင့်တင်ပေးမည့် စွမ်းဆောင်ရည်မြှင့်တင်မှု လှုပ်ရှားမှုများတွင်လည်းပါ ၀င်နိုင်သည်။ ဤအချက်အရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း IBPD စင်တာ ၁၀ ကျောင်း အား အစိုးရနည်းပညာအထက်တန်းကျောင်း ၅ ကျောင်းနှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ၅ကျောင်း တွင်စတင်ဖွင့်လှစ်ခဲ့သည်။ IBPD စင်တာ (GTI.Insein) တွင်၎င်းတို့ထဲမှတစ်ခုပါဝင်သည်။
ကျောင်းအခြေပြုစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းဌာန(အစိုးရစက်မှုလက်မှုသိပ္ပံ-အင်းစိန်)
မျှော်မှန်းချက်
- TVET ကဏ္ဍရှိ ဆရာ၊မများ၏ သက်ဆိုင်ရာနယ်ပယ်အလိုက် သင်ကြား၊သင်ယူမှု အရည်အသွေးများ အကျိုးရှိရှိ စနစ်တကျ ပိုမိုတိုးတက်ကောင်းမွန်စေရမည်။
ဆောင်ရွက်ချက်
- ကျောင်းသားဗဟိုပြု၊ အရည်အချင်းကိုအခြေခံသည့် ပညာရေးနှင့်လေ့ကျင့်သင်ကြားမှုကို အဓိကထားသည့် သင်ကြားရေးနှင့် လက်တွေ့ကျွမ်းကျင်မှုလေ့ကျင့်ခြင်း၊ ပြုပြင်ခြင်းဆိုင်ရာ သင်တန်း အစီအစဉ်များဖြင့်ကျောင်းတွင်း ပရော်ဖက်ရှင်နယ်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများမှ တစ်ဆင့် ဆရာ၊မများအား စနစ်တကျ လေ့ကျင့်သင်ကြားခြင်း။
- ဒေသဆိုင်ရာပုဂ္ဂလိကအဖွဲ့အစည်းများနှင့်ဆက်သွယ်မှုများရရှိရန်ပလက်ဖောင်းတစ်ခုအားဖန်တီးပေးခြင်း။
IBPD Centre ၏ဖွဲ့စည်းပုံ
-IBPD Centre တွင်ကျောင်း၏ ကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ အတွက် ဆောင်ရွက်ရန် တာဝန်ရှိသူနှစ် ဦး ရှိပါသည်။ ၎င်းတို့သည် (HOPD) ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းများဦးစီးဆောင်ရွက်ရသူ (၁) နှင့် (၂) တို့ဖြစ်ပါသည်။ ယခုလက်ရှိတွင် ဒေါ်မြင့်မြင့်သူ (မြို့ပြအင်ဂျင်နီယာဌာန) နှင့်ဒေါ်အိအိခင် (အီလက်ထရောနစ်အင်ဂျင်နီယာဌာန) တို့သည် HOPD 1 နှင့် HOPD 2 အနေဖြင့် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)၏ ကျောင်းအခြေပြုစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းဌာနတွင် တာ၀န်ယူ ဆောင်ရွက်နေသူများဖြစ်သည်။
IBPD Centre ၏စွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာလုပ်ငန်းလှုပ်ရှားမှုများ
(၁) ကျောင်းတွင်းဆောင်ရွက်မှုများ
- ကျောင်းအခြေပြု စွမ်းဆောင်ရည်မြှင့်တင်မှုဌာန (IBPD Centre) သည် ကျောင်းရှိဆရာ၊မများ၏ အရည်အသွေးမြှင့်တင်သည့် စွမ်းဆောင်ရည်မြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်ရန်ဟု ရည်ရွယ်ထားသည့်အတိုင်း ဖော်ပြပါ စွမ်းဆောင်ရည်မြှင့်တင်မှုလုပ်ငန်းများကို စတင် ဖွင့်လှစ်သည့်၂၀၁၈-၂၀၁၉ ခုနှစ်မှ ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်းဆောင်ရွက်ခဲ့ပါသည်။
(၂)ဆရာ၊မ အသစ်များအတွက် လုပ်ငန်းခွင်အကြိုသင်တန်းများ -နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် လုပ်ငန်းခွင်သို့ အသစ်ဝင်ရောက် လာသော ဆရာ၊မများ အတွက်ပြုလုပ်သော လုပ်ငန်းခွင် အကြိုသင်တန်းများတွင် လည်း သင်ကြားနည်းပညာသင်တန်း (Pedagogy Training ) နှင့် ဘဝတွက်တာသင်တန်း (Life Skill Training) သင်တန်းနည်းပြများ အနေဖြင့်ဆောင်ရွက်ခဲ့ကြပါသည်။
ကျောင်းအခြေပြုစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းဌာနသည်
ဆရာ/ဆရာမများအတွက် အရည်အသွေးမြှင့်တင်မှု လုပ်ငန်းများ ဆက်လက် စီစဉ်ဆောင်ရွက်ပေးခြင်း၊ အသစ်ခန့်ဆရာ/ ဆရာမများ၏ လိုအပ်သောသင်ကြားမှုနှင့် စွမ်းဆောင်ရည် မြှင့်တင်မှု အရည်အသွေး ပြည့်ဝစေရေးလုပ်ငန်းများအား စီစဉ် ဆောင်ရွက်ပေးခြင်း၊ ဒေသတွင်း ရှိ စက်မှုလက်မှုလုပ်ငန်းရှင်များနှင့်ချိတ်ဆက်၍လုပ်ငန်းခွင်လိုအပ်ချက်နှင့်ကိုက်ညီပြီး၊ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ၏ လက်တွေ့အသုံးချမှု အရည်အသွေးမြှင့်တင်နိုင်မည့် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်နိုင်စေရန် ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ရန် ထားရှိသည့်အတိုင်း လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။