ရည်မှန်းချက်
မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်သော မြင့်မားသောအရည်အသွေးနှင့် ကျွမ်းကျင်မှုပြည့်ဝသော အင်ဂျင်နီယာနည်းပညာရှင်များ မွေးထုတ်ပေးနိုင်သည့် နိုင်ငံတကာ အသိအမှတ်ပြု အဆင့်မြင့် စုပေါင်း နည်းပညာနှင့်သက်မွေးပညာသိပ္ပံတစ်ခု ဖြစ်လာစေရန်။
တာဝန်များ
- ျက်ာပြည်တွင်းလုပ်သားဈေးကွက် လိုအပ်ချက်များနှင့်အညီ အရည်အသွေးမြင့် TVET ပရိုဂရမ်များ ပံ့ပိုးပေးနိုင်ရန် ကျောင်းသားများအား ပညာပေးလေ့ကျင့် သင်ကြားပေးခြင်းဖြင့် နိုင်ငံတော်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သော အရည်အသွေးမြင့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာစေရန်။
- စက်မှုလုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို အကောင်းဆုံး အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ရန်နှင့် ကျောင်းသားများ၏ မြင့်မားသော အလုပ်အကိုင်အခွင့်အလမ်းကို မြှင့်တင်ရန်အတွက် စက်မှုလုပ်ငန်းနှင့် စက်ရုံများအကြား ပူးပေါင်းလုပ်ဆောင်မှုကို တိုးမြှင့်ဆောင်ရွက်ရန်။
- ဒေသတွင်းရှိ ကျောင်းသားများနှင့် ဝန်ထမ်းများအတွက် စဉ်ဆက်မပြတ် သင်ယူနိုင်သော အခွင့်အလမ်းများ၊ ၎င်းတို့၏ အကျိုးစီးပွား၊ စွမ်းရည်များနှင့် တစ်ဦးချင်း ရည်မှန်းချက်များနှင့်အညီ လိုက်လျောညီထွေရှိသော သင်ယူမှုလမ်းကြောင်းများကို ဖန်တီးရန်။
- ကျောင်းသားများတွင် ပေါင်းသင်းဆက်ဆံရေးနှင့် ခေါင်းဆောင်မှုစွမ်းရည်ကို မြှင့်တင်ရန်၊ လူမှုဆိုင်ရာ အသိအမြင်နှင့် တာဝန်ယူမှု ဖွံ့ဖြိုးတိုးတက်စေရန်၊ လူ့အဖွဲ့အစည်းကို အကျိုးပြုရန်နှင့် ပတ်ဝန်းကျင်ကို မြှင့်တင်ရန်။
အနာဂတ်အစီအစဉ်များ
- ကျောင်းအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း။
- ကျောင်းနှင့် စက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်း။
- ပုဂ္ဂလိက အဖွဲ့အစည်းများ ၊ အသင်းအဖွဲ့များ ၊စက်မှုဇုန်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို အားကောင်းလာစေရန်။
- အလုပ်သမားစျေးကွက်တွင် အသက်မွေး ၀မ်းကျောင်းသင်တန်းများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ တိုးချဲ့ရန်။
- ကျောင်း ပရဝုဏ် အတွင်း ဒစ်ဂျစ်တယ် စနစ်ကို အသုံးပြုနိုင်ရန် သင်ကြားခြင်းနှင့် သင်ယူခြင်းတွင် ဒစ်ဂျစ်တယ် သဘောတရားများ ကိုစတင် မိတ်ဆက်ခြင်း။
- ကျောင်းအရည်အသွေး ပိုမိုကောင်းမွန်သော စီမံခန့်ခွဲမှုစနစ် ကိုအကောင်အထည်ဖော်ရန်။
ကျောင်းဝန်းမြေပုံ