ကျောင်း၏နောက်ခံသမိုင်း

Views: 373
1 0

အင်းစိန် စက်မှုလက်မှုသိပ္ပံ ၏ ကနဦးအစ စက်မှုလက်မှုပညာသင်ကျောင်း Government Engineering School အဖြစ် ၁၈၉၅ ခုနှစ်၊ဧပြီလ(၁)ရက် နေ့တွင်ရန်ကုန်မြို့ လမ်းမတော် ဘူတာရုံ အနောက် ဘက် တွင် စတင်ဖွင့်လှစ်ခဲ့သည်။

ကျောင်းတည်ထောင်ရခြင်း၏ ရည်ရွယ်ချက်

နိုင်ငံတော် အတွင်း တိုင်းနှင့်ပြည်နယ် ဒေသအသီးသီးရှိ လူငယ် ၊ လူရွယ်များ အတွက် အသက်မွေး ၀မ်းကျောင်း ပြုနိုင်သည့် အတတ်ပညာများ လေ့ကျင့် သင်ကြားပေးနိုင်ရန် နှင့် ဒေသအတွင်း စက်မှုပညာ ကျွမ်းကျင်သူ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ ဖြိုး တိုးတက် လေ့ကျင့်မွေးထုတ် ပေးနိုင်ရန်တို့ ဖြစ်ပါသည်။

 အင်းစိန် စက်မှုလက်မှုသိပ္ပံ ၏ ကနဦးအစ စက်မှုလက်မှုပညာသင်ကျောင်း Government Engineering School အဖြစ် ၁၈၉၅ ခုနှစ်၊ဧပြီလ(၁)ရက် နေ့တွင်ရန်ကုန်မြို့ လမ်းမတော် ဘူတာရုံ အနောက် ဘက် တွင် စတင်ဖွင့်လှစ်ခဲ့သည်   ၁၈၉၈ ခုနှစ်တွင် အဆိုပါ နေရာမှ အင်းစိန်ဘူတာ အရှေ့ဘက်သို့ နေရာပြောင်းရွှေ့ ဖွင့်လှစ် ခဲ့ပြီး ထိုစဉ်က Government School of Engineering  ဟု ခေါ်ဆိုခဲ့သည်။   ၁၉၀၈ ခုနှစ်တွင် အင်းစိန် ရွာမ ရှိ ယခုလက်ရှိ နေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး Government School of Engineering and Technical High School ဟု ခေါ်ဆိုခဲ့ပါသည်။ ၎င်းနေရာသို့ မပြောင်းရွှေ့မီကပင် Main Building မှာ ဆောက်လုပ်ပြီးစီးနေပြီဖြစ်သည်။    ၁၉၁၂ ခုနှစ်မှစ၍ ယနေ့ထိ Government Technical Institute (GTI) ဟုပြောင်းလဲ ခေါ်ဆိုခဲ့ပါသည်။  ၁၉၉၅-၁၉၉၆ ခုနှစ်ဒုတိယနှစ်သင်တန်းများအား သန်လျင် GTI သို့ပြောင်းရွှေ့ သင်ကြား ခဲ့ကြရသည် ဟု မှတ်တမ်းများအရ သိရှိရပါသည်။    ၂၀၀၇ ခုနှစ်တွင် YCDC သို့လွှဲပြောင်းပေးခဲ့ရပြီး (၉.၉.၂၀၁၆) ရက်နေ့တွင် YCDC ထံမှ ပညာရေးဝန်ကြီး ဌာန လက်အောက်သို့ ပြန်လည်လွှဲပြောင်းယူခဲ့ပြီး (၁.၁၂.၂၀၁၇)ရက်နေ့တွင် ပထမနှစ် သင်တန်းများအား ပြန်လည် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်