မီးဘေးအန္တရာယ်ကာကွယ်ရေး လေ့ကျင့်မှု

အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)နှင့် မီးသတ်ဦးစီးဌာန(အင်းစိန်)တို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးသင်တန်းကို (၉.၃.၂၀၂၂) ရက်နေ့တွင် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)၌ ကျင်းပပြုလုပ်ခဲ့သည်။ ယင်းသင်တန်းသို့ အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)ရှိ ဌာနတစ်ခုလျှင် ဝန်ထမ်းတစ်ဦးစီ တက်ရောက်ခဲ့ကြပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သင်ခန်းစာများကို စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားခဲ့သည်။

(၂၀၁၉-၂၀၂၀) ပညာသင်နှစ်၊ ဒုတိယနှစ်၊ ဒုတိယနှစ်ဝက် စာမေးပွဲအချိန်ဇယား

(၂၀၁၉-၂၀၂၀) ဒုတိယနှစ် ဒုတိယနှစ်ဝက် စာမေးပွဲ အချိန်ဇယားDownload (၂၀၁၉-၂၀၂၀) ပညာသင်နှစ်၊ အေဂျီတီအိုင် ဒုတိယနှစ် ဒုတိယနှစ်ဝက် စာမေးပွဲ အချိန်ဇယားများကို ထုတ်ပြန်ကြေညာလိုက်သည်။ စာမေးပွဲ အချိန်ဇယားအား ဒေါင်းလုဒ် ရယူနိုင်ပါသည်။

ကျောင်း အုပ်ကြီး၏ နှုတ်ခွန်းဆက် အမှာစကား

ဦးမြတ်ကိုညွှန်ကြားရေးမှူး၊ ကျောင်းအုပ်ကြီးM.E (Electronics) ၁၈၉၅ခုနှစ်မှစ၍ စတင်တည်ထောင်ခဲ့သည့် မြန်မာနိုင်ငံ၏  ပထမဆုံးနည်းပညာကျောင်းဖြစ်သော အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)ကို  ရောက်လာသည့်သူများအားလုံးကို ကြိုဆိုခွင့်ရသည့်အတွက် ဂုဏ်ယူမိကြောင်း ပြောကြားလိုပါသည်ခင်ဗျာ။ စာသင်နှစ်တစ်နှစ်ချင်းစီတွင် ကျောင်းသားများသည် ကျွန်တော်တို့ကျောင်းတွင်တက်ရောက်ရန် ‌ရွေးချယ်ပြီး ကောင်းမွန်သော အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များ ရရှိ သည့်အတွက်လည်း ဂုဏ်ယူကျေနပ်မိပါသည်။ ကျွန်ုပ်တို့၏ GTI(Insein)သည်...

(၂၀၁၉-၂၀၂၀) ခု ပညာသင်နှစ် A.G.T.I (ပထမနှစ် ၊ဒုတိယနှစ်၊ တတိယနှစ်) သင်တန်းများ၏ ပထမနှစ်ဝက် စာမေးပွဲ အချိန်စာရင်းများး

အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံများ၏ (၂၀၁၉-၂၀၂၀)ခု ပညာသင်နှစ် A.G.T.I (ပထမနှစ် ၊ဒုတိယနှစ်၊ တတိယနှစ်) သင်တန်းများ၏ ပထမနှစ်ဝက် စာမေးပွဲ အချိန်စာရင်းများ အား အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်။ [WPSM_AC id=3144]

ရည်မှန်းချက်၊တာဝန်များ၊အနာဂတ်အစီအစဉ်များ နှင့် ကျောင်းဝန်းမြေပုံ

ရည်မှန်းချက် TVET အဖွဲ့အစည်း၏ အရည်အသွေး တိုးတက်စေရန် ။ပြည့်စုံကောင်းမွန် သော TVET ကျောင်း ဖြစ်လာစေရန် ။ တာဝန်များ စက်မှုလုပ်ငန်းများ သို့မဟုတ် စီးပွားရေးလုပ်ငန်းများ အကြား ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန် ။မြန်မာနိုင်ငံရှိ အလုပ်သမား စျေးကွက်၏ လိုအပ်ချက်များနှင့်အညီ အရည်အသွေးရှိသော သက်မွေးဝမ်းကျောင်း ပညာရေးနှင့်လေ့ကျင့်မှုများကို ပေးရန်။မြန်မာ...

ကျောင်း၏နောက်ခံသမိုင်း

အင်းစိန် စက်မှုလက်မှုသိပ္ပံ ၏ ကနဦးအစ စက်မှုလက်မှုပညာသင်ကျောင်း Government Engineering School အဖြစ် ၁၈၉၅ ခုနှစ်၊ဧပြီလ(၁)ရက် နေ့တွင်ရန်ကုန်မြို့ လမ်းမတော် ဘူတာရုံ အနောက် ဘက် တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ကျောင်းတည်ထောင်ရခြင်း၏ ရည်ရွယ်ချက် နိုင်ငံတော် အတွင်း တိုင်းနှင့်ပြည်နယ် ဒေသအသီးသီးရှိ လူငယ်...

ပညာရေးဝန်ကြီးဌာန နှင့် Myanmar AGTI Society တို့ပူးပေါင်း ကျင်းပသော GTI ပညာရေး ခရီး(၁၂၅)ပြည့် အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနား

GTI ပညာရေး (၁၂၅) နှစ်ပြည့် အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် Virtual စနစ်ဖြင့် ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုဖြင့် ဂုဏ်ပြုဝမ်းမြောက်အမှာစကား ပြောကြားသည်။အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်...