ကျောင်းအုပ်ကြီး၏ နှုတ်ခွန်းဆက် အမှာစကား

Views: 543
2 0

Image

ဦးမြတ်ကို
ညွှန်ကြားရေးမှူး၊ ကျောင်းအုပ်ကြီး
M.E (Electronics)


၁၈၉၅ခုနှစ်မှစ၍ စတင်တည်ထောင်ခဲ့သည့် မြန်မာနိုင်ငံ၏  ပထမဆုံးနည်းပညာကျောင်းဖြစ်သော အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)ကို  ရောက်လာသည့်သူများအားလုံးကို ကြိုဆိုခွင့်ရသည့်အတွက် ဂုဏ်ယူမိကြောင်း ပြောကြားလိုပါသည်ခင်ဗျာ။

စာသင်နှစ်တစ်နှစ်ချင်းစီတွင် ကျောင်းသားများသည် ကျွန်တော်တို့ကျောင်းတွင်တက်ရောက်ရန် ‌ရွေးချယ်ပြီး ကောင်းမွန်သော အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များ ရရှိ သည့်အတွက်လည်း ဂုဏ်ယူကျေနပ်မိပါသည်။ ကျွန်ုပ်တို့၏ GTI(Insein)သည် မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရောနစ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ၊ စက်မှု  အင်ဂျင်နီယာ၊ သုတနည်းပညာ၊ စက်မှုလုပ်ငန်းအင်ဂျင်နီယာ စသည့် ဘာသာရပ်များကို အထူးပြုသင်ကြားသည့် နည်းပညာနှင့် သက်မွေးကျောင်းဖြစ်ပါသည်။ ထူးချွန်ထက်မြက်သည့်ကျောင်းသား၊ကျောင်း သူများဖြစ်လာစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများပိုမိုရရှိစေရန် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများကို စာ‌တွေ့နှင့် လက်တွေ့ပိုင်းတွင် ထိ‌ရောက််စွာ လေ့ကျင့်သင်ကြားပေးပါသည်။ ကျွန်တော်တို့ကျောင်း၏  သက်မွေးပညာသင်တန်း များ သည် နိုင်ငံတော်မှ အသိအမှတ်ပြုထားသောသင်တန်းများဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *